ငါ့ ဘဝမှာ
အားနည်းချက်တိကို
တပုံကြီးပွေ့ပိုက်ယင်းနန့်
“မင်းကို ငါကချစ်တေ”ဆိုရေ
စကားချေတခွန်းကို
ဖွင့်လို့ပြောဖို့ အင်အားတိ
ငါ့မှာ မဟိပါဗျာယ်ဝေး...။
မင်းကိုတွိ့ဆုံရဖို့
ငါအဖန်ဖန်ကြိုးစားခကေလေ့
မင်းကိုတွိ့ဖို့အင်အားတိ
“မင်းကို ချစ်တေ”ဆိုရေစကားတိကို
ပြောဖို့အင်အားတိလည်း
မဟိခစွာ အမှန်ပါ...။
ငါ့က
မင်းတယောက်တည်းကိုရာ
စွဲစွဲလန်းလန်းနန့်
ဇာလောက်တိချစ်နိန်ရေဆိုစွာကိုလည်း
မင်းတယောက်သိဖို့စွာ မဟုတ်ပါ...။
အခြေခံအားဖြင့်
ညီမျှခြင်းတိမဟိရေ
ငါ့ဘဝမှာ
မင်းပိုင် ဂုဏ်ထည်ဝါနိန်ရေ
လူတယောက်ကိုလည်း
ငါ့မှာ
ပိုင်ဆိုင်နိုင်ရေစွမ်းအားတိ
မဟိနိုင်ပါဗျာယ်....။
“အချစ်ဆိုစွာက
ပန်းရိုင်းပွင့်ချေတိပိုင်
နီရာတိုင်းမှာ ပွင့်လန်းတတ်တေ”လို့
လူတိပြောဆိုကေတ်ကေလေ့
နီရာတိုင်းမှာ
မပွင့်ရေ ငါ့အချစ်ပန်းချေတိက
မင်းတယောက်အတွက်ရာ
ထာဝရ ဖြစ်နိန်ရေ...။
နုညံ့ပျော့ပျောင်းရေ
မင်းပိုင်လူတယောက်အနီနန့်
ကြမ်းတမ်း ခြောက်သွိ့နိန်ရေ
ငါ့ဘဝကန္တာရထဲကို
မင်းဝင်လာဖို့ခက်နီလိမ္မည်ဆိုစွာကို
ငါ နားလည်ပါရေ...။
ငါ့ဘဝမှာ
အချစ်ဦးနန့် အချစ်ဆုံးသူဆိုစွာ
မင်းဖြစ်နိန်လို့
အသက်ခန္ဓာတည်ဟိသရွိ့
မင်းကို ငါက
ပိုင်ဆိုခွင့်မဟိကေတောင်မှ
မေတ္တာမပျက် ထာဝရချစ်မြဲ
ဆက်ချစ်နိန်ရေဆိုစွာကို
မင်းတယောက်သိချင်ရေ...။
................................
၁၃-၀၂-၂၀၁၀
၁၂း၃၅ pm
အကောင်ချေ
No comments:
Post a Comment
ဒေစာတိုပီစချေကိုဖတ်ပြီးကေ သင့်အမြင်ကိုရွီးထားခပါနှ