Sunday, September 12, 2010

သံသယတပိဿာနန့် “ငါ”

ကုန်ဆုံးဖို့နီးပါးဖြစ်နိန်ရေ ငါ့အချစ်တိက ကြယ်ရောင်တိမတောက်ပရေ လမိုက်ညဥ့်အမှောင်အောက်ထဲမှာ ဆက်လက်ရှင်သန်းနိန်ရရေချစ်သူ။

အိပ်မက်မဆန်ဒဏ္ဍာရီမဟုတ်ခလို့ ငါ့နှလုံးသားမှ ချစ်ခြင်းဖွဲ့သံစဉ်တိစွာ အမြဲတမ်းရှင်သန်နိန်ရရေ။ တသက်မှာတခါ တဘဝမှာတယောက်အဖြစ်နန့် မင်းကိုချစ်နိန်ရရေ။ တသက်မှာတခါ ရင်မှာပွင့်လန်းလာရရေ ငါ့မေတ္တာပန်းချေတပွင့်ကို ငါ့အချစ်ဆုံးသူ မင်းဂေါင်းထက်မှာ ပန်းခွင့်မရလိုက်ဘဲနန့် ကြွီးနွမ်းပနာ ရင်တဖိုဖိုနန့် ငိုကြွီးကျန်ခဖို့ကို တွက်ကြည့်လို့ ငါ့ရင်ထဲမှာ သဲပျက်မတတ်ပါ။

ငါ့ရင်ထဲမှာပွင့်လာရေပန်းချေတပွင့်က အပယ်ခံပန်းတစ်ပွင့်မဟုတ်ခကေ မင်းဘဝအတွက် အတွယ်တာပန်းချေတပွင့်တော့ခါ ဖြစ်သင့်ရေလေ။ အစားထိုးမိန့်မရခြင်းတိနန့် မင်းတယောက်တည်းကိုသာ ချစ်နိန်စွာပါရာ။

ယကေလေ့ တွယ်တာတတ်တေနှလုံးသားတခုကို မတွယ်တာတတ်တေပိုင်၊ မိန့်လို့မရ နိန့်နိန့်ညည လွမ်းနိန်ရစွာတိကို မလွမ်းတတ်တေပိုင် နှုတ်ပိတ်နိန်ရရေသူပါရာ။ ဇာဖြစ်လို့လည်းဆိုကေ မိုးနန့်မြီပနာ အလှမ်းကွာဝီးရေငါ့ဘဝက စန္ဒာလမင်းကြီးနန့် မှိတ်တုတ် မှိတ်တုတ်နန့် ဖြစ်နိန်ရေကြယ်ချေပိုင်ချောင် လင်းအားတိကွာနိန်ရေဘဝမှာ မဟာပထဝီမြီကြီးမှာ ခြီစုံရပ်လို့ ထို… အာကာထက်က လမင်းကြီးကို လိုချင်လို့ လွမ်းဆွေးပနာ ငိုရေပိုင်ချောင်ရာ ဖြစ်လီဖို့လား။ အလှဒေဝီ သီတာဒေဝီကို ချစ်ခီမှားကေ ဒသဂီရိပိုင်ရာ ဖြစ်လီဖို့လား။ အေပိုင်လားပေါင်းများစွာ ရင်ထဲမှာရောထွီးယင်းနန့် မင်းနန့်တွိ့ဆုံနိုင်ဖို့ အင်အားတိလည်း ငါ့မှမဟိပါဗျာယ်ဝေး.. ချစ်သူ။

၂၃-၀၇-၂၀၀၃

No comments:

Post a Comment

ဒေစာတိုပီစချေကိုဖတ်ပြီးကေ သင့်အမြင်ကိုရွီးထားခပါနှ