Tuesday, August 17, 2010

ဝဋ်ကြွီးဖြစ်ခကေ

ချစ်သူ...
အဂုအချိန်မှာ
မဖြေသာဝေဒနာတိနန့်
မင်းနန့်ငါက
မဆုံသောလမ်းကို
လျှောက်လှမ်းကတ်ယာနှ။

မင်းနန့်ငါ့ဘဝကို
ဘဝကံကြမ္မာရထားက
တယောက်တနိန်ရာ
တယောက်တကမ္ဘာ
အဝီးတနိန်ရာကို
ဆွဲဆောင်လားခရေနိန့်ကစလို့
အတိတ်ဟောင်းကအဖြစ်ဟောင်းတိကို
မိန့်ပစ်ဖို့ကြိုးစားလိုက်တိုင်း
မင်းပြောခရေစကားနန့် မင်းယုယမှုတိကို
ငါတတိုးချေသတိရနိန်ရေ
ငါ့၏စိတ်ကိုလည်း ငါအံ့သြမိပါရေ
ချစ်သူ...။

မမျှော်လင့် မတတမ်းတပါယာလို့
သန္နိဋ္ဌာန်ချထားပြီးခါမှ
မင်းလည်း ငါ့ပိုင်မိန့်ဖျောက်လို့မရအောင်
သတိရလွမ်းနိန်ဖို့သီးလားလို့
ခပ်ကြောင်ကြောင်အတွေးတိနန့်
မင်းနန့်ဝီးရာ ထို......
အဝီးတနိန်ရာကိုထွက်ခွါလားချင်ကေလေ့
ထွက်ခွါလို့မရနိုင်ရေ ငါ့ခြီလှမ်းတိ
ပြီးကေ...
မင်းကိုပိုင်ဆိုင်ခွင့်မဟိဘဲ
အကြွီခံပန်းချေတပွင့်ပိုင်
အတိတ်ကအမှတ်တရများစွာကို
သတိရတမ်းတ လွမ်းဆွေးရုံကလွဲလို့
ငါ့ ဇာတတ်နိုင်ပါဖို့သီးလဲ
ချစ်သူ...။

ငါ့ရင်ထဲက မင်းထွက်ခွါလားရေနိန့်ကစလို့
အထီးကျန် ငါ့ကမ္ဘာထဲမှာ
ပျော်စရာတိပျောက်ဆုံးလို့
မသေချာရေအနာဂတ်ခရီးကိုလည်း
မျှော်လင့်ချက်ကင်းမဲ့စွာနန့်လျှောက်လှမ်းယင်း
အေစွာ..အချစ်ဝဋ်ကြွီးတခုဖြစ်ခကေ
ဒေဘဝဒေမျှနန့်ရာကျီပါလီဖိ
ချစ်သူ....။
--------
၀၂--၀၁-၂၀၀၄



No comments:

Post a Comment

ဒေစာတိုပီစချေကိုဖတ်ပြီးကေ သင့်အမြင်ကိုရွီးထားခပါနှ