ရိုးတောင်ခြီအောက် ရိုးအနောက်က
ရခိုင်ပြည်ပေါက်ဖွား ရခိုင်သားရို့
ရိုးမတောင်ကြီး မပျက်စီးအောင်
အစဉ်စောင့်ယှောက် လားကတ်တေ။
ငါရို့ဘိုးဘွား ရခိုင်များလည်း
လူမျိုးမပျောက် မျိုးမပျောက်အောင်
ကိုယ့်သွီးကိုယ့်အသက် ပီးခရေ။
အာဂယောက်ျား ရခိုင်သားဟု
အာဇာနီသူရဲကောင်း ထင်ရှားကျော်ကြား
ရခိုင်များလည်း ငါ့သားမြိန်းများ
ငါ့သွီးသားရို့ သမိုင်းကြွင်းကျန်
မျိုးတာဝန်ကို သိကတ်လီအောင်
စိတ်မှာဆောင်လို့ အသက်ကိုပီး
လက်မောင်းသွီးနန့် သီတန်းစာတိ
ရွီးခရေ။
သြော်…
ရက္ခမဏ္ဍိုင် ပြည်ရခိုင်က
ရခိုင်ပြည်သား လူအများရို့
“နွားတိကွဲကေ ကျားတီဆွဲရေ”
ဖြစ်ကြောင်းချေကို
စိတ်မှာစွဲလျှက် သတိဖက်လို့
ဇာသူခွဲခွဲ သွီးမခွဲဘဲ
ရိုးရာကိုချစ် မျိုးကိုကြိုက်ပနာ
သမိုင်းတခေတ် ပြန်ဆန်းသစ်အောင်
အားလုံးစဉ်းရုံး ကတ်ပါမေ။
၃၁-၁၂-၂၀၀၃
No comments:
Post a Comment
ဒေစာတိုပီစချေကိုဖတ်ပြီးကေ သင့်အမြင်ကိုရွီးထားခပါနှ