Saturday, December 19, 2009

မင်းပုံရိပ်တိထင်ကျန်နီဆဲပါ

စိတ်ဓာတ်တိ လီးလံနီဆဲပါ…။ ကမ်းဝီးနီရေ ဆန္ဒတိနှင့်
ရှိဆက်ရဖို့လမ်းက မှောင်မိုက်ညည့်တိချည်းလား ချစ်သူ...။
လှောင်ပိတ်နီရေ ရင်ခုန်သံတိကိုပွေ့ပိုက်လို့ ငါ ဇာပိုင်လုပ်လို့
ပျော်ပိုက်ရဖို့လဲ ချစ်သူ…။ မရင့်ကျက်သိမ့်ရေ အသည်းက
အချစ်ဆိုစွာကို ခံစားရရေနောက် မျှော်လင့်ချက်တိ ခြောက်လှန့်လို့
ဒဏ်ရာတိက ငါ့ရင်တွင်းမှာ သွီးပျက်မတတ်စွန်းထင်းနီရဗျာယ် ချစ်သူ…။

အိပ်မက်မဆန် ဒဏ္ဍာရီမဟုတ်ပါ…။ ဘဝ၏ မမိ့နိုင်စရာ သမိုင်းတစ်ခု
သာဖြစ်ရေ ချစ်သူ..။ မျက်ရည်စွန်းရေ ဒိုင်ယာရီထဲမှာ အလွမ်းတိ
အက္ခရာအဖြစ်နန့် နိုးထနီရေ အကြောင်းကို အိပ်မက်ဟောင်းက
မိ့မရပါ ချစ်သူ…။ နှလုံးသားကိုအလိုလိုက် အချစ်နန့် မိုက်နီရေအတွက်
နောင်တတိခြီရာပျောက်နီဆဲပါ ချစ်သူ…။ ပြဒါးမဟိရေ မှန်သီထဲမှာ
မင်း၏အပြုံးများစွာ ထင်ဟပ်စီခရေ ချစ်သူ…။ အစားထိုးမရနိုင်ရေ
ရင်ခုန်ခြင်းတိ၊ စကားလုံးအသစ်တိနန့် အရောင်ပြောင်းဖို့ ခက်လှပါရေ
ချစ်သူ…။
................
၁၉-၃-၂၀၀၃

No comments:

Post a Comment

ဒေစာတိုပီစချေကိုဖတ်ပြီးကေ သင့်အမြင်ကိုရွီးထားခပါနှ